လင်းနို့ချေးမြေဩဇာ (Bat Guano)

Amazon Jungle

Ks. 6500.00/-

Out of stock

လင်းနို့ချေးမြေဩဇာ (Bat Guano)

(*SPECIAL EDITION*)

Company : Amazon Jungle

Origin : Thailand & Local

Type : သဘာဝမြေသြဇာ (Organic Slow-Release Fertilizer)

Level : Beginners to Advanced

Net Weight : 300 grams

Target Plant : All Types of Plants

Base : Soil Mix, Coco

ရေနဲ့ဖျော်တိုက်ရတဲ့ Liquid Nutrient တွေက အပင်ကို ချက်ချင်း စားရစေတယ်။ ဒါပေမယ့် ပြဿနာက ရေလောင်းချလိုက်တာနဲ့ အောက်ကနေ ပြန်ထွက်သွားသလို၊ အပင်ကလည်း ချက်ချင်း ဗိုက်ပြန်ဆာတတ်တယ်။

အမြစ်တွေအတွက် အမြဲတမ်း အစာစားလို့ရမယ့် "Food Bank" (အစာသိုလှောင်ရုံ) တစ်ခု မြေကြီးထဲမှာ တည်ဆောက်ချင်ရင်တော့ အခုပြောမယ့် အမာခံ Organic လမ်းကြောင်းကို သွားမှ ရပါမယ်ဗျ။ အဲဒါကတော့ Amazon Jungle ကနေ အထူးထုတ်ထားတဲ့ လင်းနို့ချေးမြေဩဇာ (Bat Guano) Special Edition ပါပဲ။

Organic လို့ပြောလိုက်ရင် နွားချေး၊ ကြက်ချေး စတာတွေ ပြေးမြင်တတ်ကြပေမယ့်၊ လင်းနို့ချေး (Bat Guano) ကတော့ N.P.K အချိုးထဲမှာ N (Nitrogen) နဲ့ P (Phosphorus) ပါဝင်မှု အရမ်းများလို့ အပင်ကြီးထွားဖို့နဲ့ အဖူးအသီးတွေ တင်ဖို့အတွက် သဘာဝကပေးတဲ့ တကယ့် Masterpiece တစ်ခုဗျ။

ဒီ Special Edition မှာ ထိုင်းကဝင်လာတဲ့ လင်းနို့ချေး ကုန်ကြမ်းကိုမှ ရာခိုင်နှုန်း ပိုများများထည့်ပြီး၊ မြန်မာပြည်က ဒေသထွက် စိုက်ပျိုးရေးသုံး သဘာဝမြေသြဇာတွေနဲ့ အချိုးကျ ပေါင်းစပ်ပေးထားတယ်။ အရေးကြီးဆုံးက အနံ့ဆိုးပြီး အပင်ကို ပူလောင်စေတဲ့ Raw (အစိမ်း) ပုံစံကြီး မဟုတ်ဘဲ၊ အပင်က တိုက်ရိုက် စားသုံးလို့ရမယ့် မြေသြဇာ (Processed Fertilizer) ပုံစံမျိုး သေသေချာချာ ပြောင်းလဲ ထုတ်လုပ်ပေးထားတာပါ။

Bat Guano က မြေကြီးထဲမှာ ဘယ်လို အလုပ်လုပ်လဲ?

Slow-Release စနစ် : သူက Liquid တွေလို ချက်ချင်း မပျော်ဝင်ဘူး။ မြေထဲကို စိမ့်ဝင်မှု နှေးလွန်းတဲ့အတွက် (Slow-release)၊ တစ်ခါ ထည့်ပေးလိုက်တာနဲ့ အပင်က နေ့တိုင်း (နေ့တိုင်း) လိုအပ်တဲ့ အာဟာရကို နည်းနည်းချင်းစီ မှန်မှန် စားသုံးနေရတာပါ။

Microbes တွေကို အသက်သွင်းခြင်း : ကျွန်တော်တို့က မြေကြီးထဲကို လင်းနို့ချေး ထည့်ပေးလိုက်တာဟာ အပင်ကို တိုက်ရိုက်ကျွေးတာထက်၊ မြေဆီလွှာထဲက အကျိုးပြု ဘက်တီးရီးယား (Beneficial Microbes) တွေကို အစာကျွေးလိုက်တာပါပဲ။ အဲဒီ ဘက်တီးရီးယားတွေ ပွားများလာမှ သူတို့က မြေကြီးကို ပြန်ဖွပေးပြီး အပင်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပြန်ကျွေးတာဗျ။ ဒါက တကယ့် သဘာဝ Eco-system တစ်ခုကို ပန်းအိုးထဲမှာ တည်ဆောက်လိုက်တာပဲ။

အဏုအာဟာရ (Micro-nutrients) ကြွယ်ဝခြင်း : သာမန် ချေးတွေထက် သာတာက သူ့ထဲမှာ NPK အပြင် မဂ္ဂနီဆီယမ်၊ ဆာလဖာ၊ မဂ္ဂနိစ်၊ ဇင့်၊ ကြေးနီ၊ ဘိုရွန် နဲ့ မိုလီဘဒင်နမ် စတဲ့ အနည်းလို အာဟာရတွေ အစုံအလင် ပါဝင်နေလို့ အပင်အတွက် ဘက်စုံလုံလောက်တဲ့ Full Course Meal တစ်ခု ဖြစ်သွားစေပါတယ်။

ဒီအချက်တွေကြောင့်မို့လို့ပဲ အပင်ကြီးထွားမှု မြန်လာမယ်၊ အမြစ်စနစ် ကျန်းမာလာမယ်၊ ပြီးရင် အဖူးအသီးတွေ သိသိသာသာ ပိုတင်လာပါလိမ့်မယ်ဗျ။

Grower တွေအတွက် လက်တွေ့ အသုံးပြုနည်း

Top Dressing (အပေါ်ယံ ကြဲပက်ခြင်း) : မြင်းကျားဇွန်း ၂-၃ ဇွန်းလောက်က်ု အပင်ရဲ့ ပင်စည်ကို ခပ်ခွာခွာလေးထားပြီး မြေဆီလွှာ ပတ်လည်ကို ဒီလင်းနို့ချေး အမှုန့်လေးတွေ ပတ်ကြဲပေးလိုက်ပါ။ ပြီးရင် ရေလေး ဖြန်းပေးလိုက်ရုံပါပဲ။ Slow-release ဖြစ်လို့ (၁၀) ရက် ကနေ (၁၅) ရက်ကို တစ်ခါ ပုံမှန် အသုံးပြုပေးရပါမယ်။

Soil Mixing (မြေစပ်ခြင်း) : မြေအသစ် စပ်တဲ့အခါမျိုး (သို့) Coco နဲ့ သမတဲ့ အခါမျိုးမှာ ဒီကောင်ကို တစ်ခါတည်း ပါဝင် ထည့်သွင်း မွှေနှောက်ပြီး Base အနေနဲ့ အသုံးပြုလို့ ရပါတယ်ဗျ။

Liquid Nutrients တွေ ဘယ်လောက်ကောင်းကောင်း၊ မြေဆီလွှာ (Soil Base) ကြီး သေနေရင် အလကားပဲဗျ။ အပင်ရော၊ မြေကြီးပါ ရေရှည် ကျန်းမာချင်တယ်ဆိုရင်တော့ ဒီလို သဘာဝ လင်းနို့ချေးမြေသြဇာမျိုးကို Grow Room ထဲမှာ မဖြစ်မနေ Rotation ထည့်ပြီး သုံးပေးဖို့ အကြံပြုချင်ပါတယ်ဗျာ။