

BONE MEAL (သဘာဝ အရိုးအမှုန့်)
Amazon Jungle
Ks. 6000.00/-
Out of stock
Name : BONE MEAL (သဘာဝ အရိုးအမှုန့်)
Company : Amazon Jungle
Origin : Local
Type : Organic Phosphorus & Calcium Source
Level : Beginners to Advanced
Net Weight : 1 KG
Target Plant : All Types of Plants
Base : Soil Mix, Coco
အပင်တစ်ပင်ရဲ့ ဘဝမှာ အရေးအကြီးဆုံး အချိန် (၂) ခု ရှိတယ်ဗျ။ အစပိုင်း မြေကြီးထဲကို အမြစ်တွေ ထိုးဆင်းတဲ့ အချိန်ရယ်၊ နောက်ပိုင်း အဖူးတွေ စတင်တဲ့ အချိန်ရယ်ပေါ့။
အဲဒီ အချိန်နှစ်ခုလုံးမှာ အပင်က အမြဲလိုတဲ့ အရာကတော့ Phosphorus (P) ဓာတ်ပါပဲ။ ဒီ Phosphorus ကို ဓာတုဆေးရည်တွေကနေ အတင်းအမြန် ဖိကျွေးတာမျိုး မလုပ်ဘဲ၊ သဘာဝအတိုင်း ဖြည်းဖြည်းနဲ့ မှန်မှန် စားသုံးခွင့်ပေးချင်တဲ့ Grower တွေအတွက် တကယ့် Classic အကျဆုံးနဲ့ အလုပ်အဖြစ်ဆုံး အရာကတော့ ဒီ Bone Meal (သဘာဝ အရိုးအမှုန့်) ပါပဲဗျ။
Amazon Jungle ကနေ သန့်စင်ပြီး ထုတ်ထားတဲ့ ဒီ အရိုးအမှုန့်ထဲမှာ အပင်အတွက် အဓိက အကျိုးပြုမယ့် အာဟာရ (၂) မျိုး အပြည့်အဝ ပါဝင်ပါတယ်။
Phosphorus (ဖော့စဖရပ်စ်) : မြေကြီးထဲက အမြစ်တွေကို ဘေးဘက်ကို အကြမ်းဆုံး ဖြာထွက်စေဖို့ လှုံ့ဆော်ပေးတယ်။ နောက်ပိုင်း ပန်းပွင့်ချိန် ရောက်လာတဲ့အခါမှာလည်း အဖူးတွေ ထွားကျိုင်းလာဖို့နဲ့ ပွင့်ဖတ်တွေ အားကောင်းလာဖို့အတွက် အဓိက စွမ်းအင် အရင်းအမြစ်အနေနဲ့ တာဝန်ယူပေးပါတယ်။
Calcium (ကယ်လ်ဆီယမ်) : အပင်ရဲ့ Cell Wall တွေကို အမာခံဖြစ်အောင် တည်ဆောက်ပေးပြီး ပင်စည်တွေကို တုတ်ခိုင်စေတယ်။ အရိုးအမှုန့်ကနေရတဲ့ သဘာဝ Calcium က အဖူးပုပ်တာ၊ အရွက်ထိပ်ဖျား ခြောက်တာတွေကို ကာကွယ်ပေးပြီး အပင်ကို ရောဂါဒဏ် ခံနိုင်ရည် ပိုရှိစေပါတယ်ဗျ။
ဘာလို့ Bone Meal ကို သုံးသင့်တာလဲ?
ရေနဲ့ ဖျော်လောင်းရတဲ့ အားဆေးရည်တွေက ရေလောင်းချလိုက်ရင် အောက်ကနေ ပြန်ထွက်သွားတတ်တယ်။ ဒီ Bone Meal ကတော့ Slow-release (ဖြည်းဖြည်းချင်း အရည်ပျော်တဲ့) စနစ်ဖြစ်လို့ မြေကြီးထဲမှာပဲ အမြဲ ရှိနေမယ်။ မြေကြီးထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေက ဒီအရိုးအမှုန့်ကို ဖြိုခွဲစားသုံးပြီးမှ အပင်စားလို့ရတဲ့ အာဟာရအဖြစ် ပြောင်းပေးတာမို့၊ အပင်က လိုအပ်တဲ့အချိန်မှ လိုသလောက် ဆွဲယူစားသုံးနိုင်တဲ့ "သဘာဝ အစာသိုလှောင်ရုံ" တစ်ခု ဖြစ်သွားတာပါပဲ။ ဆေးများသွားလို့ အမြစ်ပူတာ၊ လောင်တာ (Nutrient Burn) မျိုးလည်း လုံးဝ မဖြစ်တော့ဘူးဗျ။
လက်တွေ့ အသုံးပြုနည်း (၂) မျိုး
Top Dressing (အပေါ်ယံ ကြဲပက်ခြင်း) : အပင်တွေ ပန်းမပွင့်ခင် (သို့) ပွင့်ခါစ အချိန်လေးမှာ ပင်စည်ကို ခပ်ခွာခွာလေးထားပြီး မြေဆီလွှာ အပေါ်ယံ ပတ်လည်ကို ဒီအရိုးအမှုန့်လေးတွေ ပတ်ကြဲပေးပါ။ ပြီးရင် ရေလေး လောင်းချလိုက်ရုံပါပဲ။ အဖူးတွေအတွက် အာဟာရ လိုအပ်တဲ့ အချိန်ရောက်ရင် ကွက်တိ ပြောင်းလဲသွားပါလိမ့်မယ်။
Soil Mixing (မြေစပ်ခြင်း) : အစကတည်းက ကိုယ်သုံးမယ့် Soil Mix သို့မဟုတ် Coco အောက်ခံမြေထဲကို ဒီအရိုးအမှုန့်ကို တစ်ခါတည်း ပါဝင် ထည့်သွင်း mixပြီး မြေစပ်ထားလို့ ရပါတယ်ဗျ။ အမြစ်တွေ ထိုးဆင်းသွားတာနဲ့ အသင့်စားဖို့ အာဟာရတွေက စောင့်ကြိုနေပါလိမ့်မယ်။
ဓာတုဆေးတွေ ဘယ်လောက်ကောင်းကောင်း၊ မြေကြီးထဲမှာ သဘာဝ အာဟာရ အမာခံတစ်ခု ရှိနေခြင်းက ကိုယ့်အပင်အတွက် အကောင်းဆုံး Life Saver ပါပဲဗျ။
DOWN TOWN Seeds
Welcome to Downtown Seeds! Your friendly neigborhood seed bank here whenever you need us.
© 2026 Downtown Seeds. All Rights Reserved.
