CHEMRICH CAL-MAG

CAL MAG

Ks. 12000.00/-

Out of stock

CHEMRICH CAL-MAG + IRON

Name : CHEMRICH CALMAG PLUS IRON

Company : CHEMRICH

Origin : Thailand

Type : Calcium-Magnesium-Iron Liquid Supplement

Level : Beginners to Advanced

Net Weight : 100 ml

Target Plant : All Types of Plants

Base : Soil Mix, Coco, Hydroponic

"အုတ်မြစ်မခိုင်ရင် အိမ်မမြဲဘူး" ဆိုတဲ့ စကားပုံက အပင်စိုက်တဲ့နေရာမှာလည်း အတူတူပါပဲဗျ။ Grower တော်တော်များများက NPK လို Main Nutrient တွေကိုပဲ အားကိုးပြီး ကျွေးနေတတ်ကြတယ်။ တကယ်တမ်း အပင်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ Cell Wall တွေ အားနည်းနေရင် ကိုယ်ဘယ်လောက်ပဲ Quality အမြင့် ဆေးရည်တွေ ကျွေးပါစေ၊ အပင်က ကောင်းကောင်း အစာမချက်နိုင်ဘဲ အလဟဿ ဖြစ်သွားတတ်ပါတယ်။

ဒီလို အခြေခံလိုအပ်ချက်ကို အမိအရ ဖြည့်ပေးဖို့ ထိုင်းနိုင်ငံကနေ ဝင်လာတဲ့ CHEMRICH CALMAG PLUS IRON က Grow Room တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Supplement တစ်ခုပါ။

သူက အဓိက အားဆေး (Main Nutrient) မဟုတ်ပေမယ့်၊ အပင်ရဲ့ ကိုယ်ခံအားနဲ့ ရှင်သန်မှုကို နောက်ကနေ အပြည့်အဝ ထောက်ကူပေးမယ့် ဖြည့်စွတ် တစ်ခုပါပဲ။

ဒီအားဆေး ထဲမှာ Nitrogen (2%)၊ Calcium (3.2%)၊ Magnesium (1.1%) နဲ့ Iron (0.1%) တို့ကို အချိုးကျ ပေါင်းစပ်ပေးထားတယ်ဗျ။ သူ့ရဲ့ လုပ်ဆောင်ပုံတွေကတော့

Calcium (Ca): အပင်ရဲ့ Cell Wall တွေကို အမာခံဖြစ်အောင် တည်ဆောက်ပေးတယ်။ ပြီးတော့ မြေကြီးထဲကနေ စုပ်ယူလိုက်တဲ့ အာဟာရဓာတ်တွေကို အပင်တစ်ပင်လုံးအနှံ့ လိုက်ပို့ပေးတဲ့ Delivery (Deli) သမားလို အဓိက တာဝန်ယူပေးတာပါ။

Magnesium (Mg) & Iron (Fe): Mg က အရွက်တွေကို အစိမ်းရောင်ဖြစ်စေတဲ့ Chlorophyll ရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပြီး၊ Iron (သံဓာတ်) ပါ ထပ်ဖြည့်ထားလို့ အပင်ရဲ့ Photosynthesis (အစာချက်လုပ်ခြင်း) ကို အမြင့်ဆုံး အလုပ်လုပ်စေပါတယ်။ အလင်းရောင်ကနေရတဲ့ စွမ်းအင်တွေကို အစာအဖြစ် အထိရောက်ဆုံး ပြောင်းလဲစားသုံးနိုင်သွားတာပေါ့။

Hydroponic သမားတွေဆိုရင် ဒီ Cal Mag မပါရင် မဖြစ်မှန်း ကောင်းကောင်း သိကြပါတယ်။ အရွက်တွေ ဝါတာ၊ အညိုစက်တွေ ထွက်တာ၊ ထိပ်ဖျားတွေ ခြောက်တာ စတဲ့ Calcium နဲ့ Magnesium Deficiency (အာဟာရ ချို့တဲ့မှု) လက္ခဏာတွေကို တိုက်ရိုက် ကုစားပေးနိုင်တယ်။ ပိုးမွှားဒဏ်နဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် ကြိုတင် ကာကွယ်ပေးတဲ့ သဘောလည်း ဖြစ်တယ်ဗျ။

အသုံးပြုရတာလည်း အရမ်းရိုးရှင်းပါတယ်။ Soil Mix ပဲဖြစ်ဖြစ်၊ Coco ဒါမှမဟုတ် Hydroponic စနစ်မှာပဲဖြစ်ဖြစ် အေးဆေး သုံးလို့ရတယ်။

Vegetative Stage ကနေ စပြီး Final Flowering အချိန်အထိ တစ်ပတ်ကို (၁) ကြိမ်ကနေ (၂) ကြိမ်အထိ အခြားအားဆေးတွေနဲ့ တွဲသုံးနိုင်ပါတယ်။ တစ်ပင်လုံးကို ဖျန်းမလား၊ မြေကြီးထဲပဲ လောင်းထည့်မလား အကုန် အဆင်ပြေပါတယ်။

အသုံးပြုပုံ အချိုးအစား:

ရေ 1 Litre တွင် 1-2 ml

ရေ 5 Litre တွင် 5-7 ml

ရေ 10 Litre တွင် 10-12 ml

ရေ 20 Litre တွင် 20-25 ml