COOKIE CASKET

Barney's Farm | Photoperiod (Feminized)

Ks. 72000.00/-

Out of stock

Name : Cookie Casket

Breeder : Barneys Farm x Doja Exclusive

Genetics : The Hearse Strain x Thin Mint Cookies

Type : Photoperiod (Feminized)

Phenotype : Indica Dominant (Indica: 70% / Sativa: 30%)

THC : 30%

CBD : < 1%

Effect : Heavy Body Stone, Creativity, Relaxed, Uplifting

Vegetative Timeline : 4 - 5 weeks

Flowering Timeline : 63 - 70 Days (9 - 10 weeks)

Difficulty : Advanced

Resistance : 4/5

Climate : Indoor / Outdoor

ဟဲဟဲ ဒါက Cookies နည်းနည်းလေး မဟုတ်ဘူးနော်။

Cookie Casket ဆိုတဲ့ Cookies ကို သေတ္တာလိုက်ကြီး သယ်လာမှာ ဗျ။

Cookies အများကြီး စားထားလို့ Sofa ပေါ် မှာ အီစိမ့်ပြီး မှေးသွားမယ့် အနေအထားဗျ။ THC က လဲ အမြင့်ဗျာ။ Heavy Body Stone ကို အပြည့်အဝ ပေးမယ့်ကောင်ဗျ။

Barneys Farm နဲ့ ဆန်းသစ်တဲ့ Genetics တွေ ဖန်တီးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ Doja Exclusive တို့ တမင်ကို ရည်ရွယ်ပြီး ပူးပေါင်းထားတဲ့ Strategic Collaboration အစစ်ဗျာ။ The Hearse Strain ရဲ့ အကြမ်း Line ကို Thin Mint Cookies နဲ့ အချိုးကျကျ Cross ထားလို့ Phenotypic expression (မျိုးရိုးဗီဇ အရည်အသွေး ပြသမှု) ပိုင်းမှာ တကယ့်ကို ထိပ်တန်းအဆင့် ရှိတယ်ဗျ။

အပင်ရဲ့ သဘောသဘာဝက 70% Indica ဖြစ်လို့ အပင် ဘေး ပတ်ခြာ ကို အကိုင်းအခက်တွေ ဖြာထွက်တဲ့ (Bushy structure) ပုံစံမျိုး သွားတယ်။

Terpene profile ကလည်း ရိုးရိုးလေး မဟုတ်ဘဲ အတော်လေး လေးနက်တယ်။ ဖွာလိုက်တဲ့အချိန် (Inhale) မှာ ချိုမြမြနဲ့ စပ်ရှရှ (Sweet & Spicy) အနံ့လေး အရင်ရပေမယ့်၊ ရှိုက်ထုတ်လိုက်တဲ့အခါ (Exhale) ကျမှ The Hearse ဆီက အမွေရထားတဲ့ လောင်စာဆီနံ့ (Fuel/Diesel) ပြင်းပြင်းရယ်၊ ငရုတ်ကောင်း (Pepper) နဲ့ မြေကြီးနံ့ (Earthy) တွေ ရောပြီး လည်ချောင်းထဲမှာ ရစ်ကျန်ခဲ့မှာဗျ။ Effect ကတော့ အစပိုင်းမှာ ခေါင်းထဲ ကြည်ပြီး ဖန်တီးမှုအားကောင်းစေပေမယ့် (Creativity & Uplifting)၊ မကြာခင်မှာပဲ တစ်ကိုယ်လုံးကို သံလိုက်တုံးကြီး ဆွဲချလိုက်သလိုမျိုး Heavy Body Stone အနေအထားကို ပြောင်းသွားလိမ့်မယ်။

(ဒါက ဒီ Genetic မှ ရနိုင်တဲ့ ခန့်မှန်းခြေ နော် အတည်မယူနဲ့)

Limited Supply အနေနဲ့ လာတဲ့ ဒီလို Premium Genetics မျိုးကို ကိုင်မယ်ဆိုရင်၊ မျိုးစေ့ချလိုက်ရုံနဲ့ အလိုလို Quality ထွက်လာမယ်လို့ မတွေးပါနဲ့။ အလင်း၊ အပူချိန်၊ စိုထိုင်းစကို တိတိကျကျ ချိန်ညှိပြီး အသေးစိတ် (Meticulous Care) နဲ့ သေချာ အချိန်ပေး ပြုစုနိုင်မှသာ ဒီကောင်ရဲ့ တကယ့် Collection Quality အစစ်ကို ရရှိမှာ ဖြစ်ပါတယ်။

ဒီမျိုးစေ့တွေဟာ Original Company ထုတ် အစစ်အမှန်ဖြစ်ပြီး၊ Feminized (အမမျိုး) ဖြစ်ကြောင်း သေချာစွာ အတည်ပြုထားပါတယ်။ မျိုးစေ့တွေရဲ့ သက်တမ်းနဲ့ အရည်အသွေး မကျဆင်းစေဖို့အတွက် မှန်ကန်တဲ့ အပူချိန်နဲ့ စိုထိုင်းဆ (Temperature & Humidity) အောက်မှာ စနစ်တကျ သိုလှောင်ထိန်းသိမ်းပေးထားပါတယ်။

သို့သော်ငြားလည်း မျိုးစေ့ဆိုတာ သက်ရှိ (Living Organism) တွေ ဖြစ်ပါတယ်။ သဘာဝတရားအရ ဖြစ်တည်နေတာမို့ အပင်ပေါက်နှုန်း (Germination Rate) ကိုတော့ ၁၀၀% အာမမခံပါဘူး။ ကျန်တဲ့ အပင်ပေါက်ဖို့ အပိုင်းကတော့ မှန်ကန်တဲ့ မျိုးဖောက်နည်း၊ ပေးစွမ်းနိုင်တဲ့ အစိုဓာတ်၊ ပတ်ဝန်းကျင် အပူချိန်နဲ့ စိုက်ပျိုးသူရဲ့ လက်အပေါ်မှာပဲ အများကြီး မူတည်သွားပါပြီ။