

Grow Bag
3 Gallon Size & 5 Gallon Size
Ks. 7000.00/-
Out of stock
3 Gallon Size
သူက Auto အပင်တွေကို Outdoor မှာ ချစိုက်ဖို့ အဆင်ပြေဆုံးပဲ။ နေရာ အခက်အခဲရှိလို့ Feminized တွေ၊ Regular တွေကို အပင်အရွယ်အစား (Canopy) အရမ်းမကြီးအောင် ထိန်းစိုက်ချင်တဲ့ သူတွေအတွက် ကွက်တိပဲဗျ။
5 Gallon Size
ဒါကတော့ Auto ရော Photo ရော လုံးဝ အဆင်ပြေတဲ့ Standard Size ကြီးဗျ။ Indoor Grow Room ထဲမှာပဲဖြစ်ဖြစ်၊ Outdoor မှာပဲဖြစ်ဖြစ် နေရာမရွေး အေးဆေး သုံးလို့ရတယ်။
ဝေါကီး အပင် လောကမှာ Premium Seed တွေ၊ Elite Genetics တွေကို ရွေးချယ်ဖို့ အာရုံစိုက်လွန်းပြီး အပင်ရဲ့ အသက်သွေးကြောဖြစ်တဲ့ အမြစ်တွေ ရှင်သန်ရမယ့် "ပန်းအိုး" ကိုတော့ ပေါ့ပေါ့တန်တန် တွေးတတ်ကြတယ်ဗျ။
သာမန် ပလတ်စတစ်ပုံးတွေ၊ ကော်အိုးတွေနဲ့ စိုက်တဲ့အခါ အောက်ခြေမှာ ရေဝပ်ပြီး အမြစ်ပုပ်တာ၊ လေဝင်လေထွက် မကောင်းတာတွေက တကယ့် Top-tier Quality ထွက်မယ့် အပင်ကို အောက်ခြေကနေ သတ်ပစ်နေသလိုပါပဲ။
ဒီလို ပြဿနာတွေကို လုံးဝ ဖြေရှင်းပေးမယ့်၊ စိုက်ခင်းထဲမှာ မပါမဖြစ် သုံးသင့်တာ က အခု လို Grow Bag တွေပါ။
ဘာလို့ Grow Bag တွေကို ပြောင်းသုံးသင့်တာလဲ
၁။ Premium Material: ကွာလတီက သာမန်အစအနတွေ မဟုတ်ဘူး။ Fabric Non-Woven အသားဖြစ်လို့ မြေဆီမြေသားထဲ ရေနဲ့ လေ အဝင်အထွက် အရမ်းကောင်းတယ်။ အဲဒီအတွက် အမြစ်တွေက လိုအပ်တဲ့ Oxygen အပြည့်အဝရပြီး ပိုသန်၊ ပိုကျန်းမာစေတယ်။
၂။ ရေမဝပ်၊ အမြစ်မနာ: ရေလောင်းများသွားရင်တောင် ပလတ်စတစ်အိုးတွေလို ရေမအိပ်၊ ရေမဝပ်တဲ့အတွက် အမြစ်ပုပ်တာ (Root rot) လုံးဝ မဖြစ်တော့ဘူး။
၃။ The LST Advantage: ဒီ Grow Bag ရဲ့ အမိုက်ဆုံးအချက်က ချုပ်ရိုးနဲ့ ကွင်းအပေါက်တွေပဲ။ LST (Low Stress Training) ဆွဲမယ့် Grower တွေအတွက် ကြိုးချည်ဖို့ အရမ်း အဆင်ပြေအောင် အထူးလုပ်ပေးထားတာဗျ။
၄။ ရေရှည်ခံခြင်း: လိုအပ်သလို ပြောင်းရွှေ့ရ လွယ်ကူတဲ့အပြင်၊ တစ်ပင် ပြီးသွားရင်လည်း သေချာ ပြန်ဆေးကြောပြီး ထပ်ခါထပ်ခါ အသုံးပြုနိုင်လို့ သာမန် ကော်အိုးတွေထက် အများကြီး ပိုခံတယ်ဗျ။
တကယ့် Grower အစစ်တွေ သိပါတယ်။ အပင်တစ်ပင်ရဲ့ Masterclass Quality ဆိုတာ အမြစ်စနစ် (Root System) ကျန်းမာမှ အပေါ်က အဖူးတွေက ရှယ် ဖြစ်စေမှာပါ။
AUTO အပင် အတွက်ဆိုရင် 3 Gallon Bag
Photoperiod အပင် အတွက် ဆိုရင် 5 Gallon Bag
DOWN TOWN Seeds
Welcome to Downtown Seeds! Your friendly neigborhood seed bank here whenever you need us.
© 2026 Downtown Seeds. All Rights Reserved.
