

PERLITE
Amazon Jungle
Ks. 4500.00/-
Out of stock
PERLITE (မီးတောင်ကျောက်ပွ)
Name : Perlite
Company : Amazon Jungle
Origin : INDIA
Type : Soil Aeration & Drainage Additive
Level : Beginners to Advanced
Net Weight : 2 liters
Target Plant : All Types of Plants
Base : Soil Mix, Coco mix
"အမြစ်တွေက ရေသောက်ရုံတင်မကဘူး၊ အသက်ပါ ရှူကြတယ်ဗျ"။
"ရေစီးရေလာကောင်းမှ ရေမဝပ်ဘူး" ဆိုတဲ့ စကားက မြေကြီးစပ်တဲ့ နေရာမှာ လုံးဝကို အရေးကြီးတဲ့ အချက်ပါပဲဗျာ။
အပင် စိုက် ဖို့ အတွက် Medium ဆိုတဲ့ အမြစ်အတွက် အိမ်တစ်လုံး လိုအပ်တယ်ဗျ။ အဲ့ အိမ်ကလဲ soil mix ရှိမယ်၊ Coco Perlite mix ရှိမယ်၊ Coco only ရှိမယ် ၊ Hydroponics ဆိုတဲ့ မြေမဲ့ ဆိုတဲ့ Medium အိမ် တွေ ရှိကြတယ်ဗျ။ အဲ့ထဲ မှာ က Soil mix ဆိုတာနဲ့ မြေသီးသန့် မရဘူးဗျ။ အမြစ် အသက် ရှူချောင်အောင် လို့ မြေရယ်၊ အုန်းဆံမှုန့် ရယ်၊ perlite တို့ကို အချိုးကျ ရောစပ် ပေးရတယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုရင် အမြစ်တွေ ထိုးဆင်းရမယ့် မြေဆီလွှာ က မြေကြီး မြေမာ တွေက ကျစ်လွန်းနေရင်၊ ဒါမှမဟုတ် ရေတွေ ဝပ်နေရင် အမြစ်တွေ အောက်ဆီဂျင် မရဘဲ အသက်ရှူကြပ်ပြီး အမြစ်ပုပ် (Root Rot) တဲ့ ပြဿနာက ချက်ချင်း တက်လာနိုင်ပါတယ်ဗျ။
အဲ့ ထဲ မှ Perlite အကြောင်းပြောမယ်။
Perlite ဆိုတာ သာမန် ကျောက်ခဲ မဟုတ်ဘူးဗျ။ မီးတောင်ပေါက်ကွဲရာကနေ ထွက်လာတဲ့ ချော်ရည်ကျောက် (Volcanic Glass) တွေကို အပူချိန် အပြင်းစားပေးပြီး ဖောင်းပွလာအောင် အထူးပြုလုပ်ထားတဲ့ သဘာဝ ကျောက်ပွတွေပါ။ သူ့ရဲ့ သဘာဝက အရမ်းပေါ့ပါးပြီး အတွင်းထဲမှာ လေခိုနိုင်တဲ့ အပေါက်ငယ်လေးတွေ အများကြီး ပါဝင်တယ်။
သူ့ကို ဘာလို့ သုံးရလဲဆိုရင်
၁။ အပင်အတွက် "အဆုတ်" လို အလုပ်လုပ်ပေးတယ်။ ကျစ်နေတဲ့ မြေကြီးကို ဖွသွားစေပြီး လေဝင်လေထွက် (Aeration) ကို အမြင့်ဆုံး ဆွဲတင်ပေးတယ်။
၂။ ရေလောင်းချလိုက်ရင် အပိုရေတွေကို ချက်ချင်း စီးကျသွားစေလို့ ရေဝပ်တာကို လုံးဝ တားဆီးပေးတယ်။
၃။ တစ်ချိန်တည်းမှာပဲ အပင်အတွက် လိုအပ်တဲ့ စိုထိုင်းစနဲ့ အာဟာရတွေကို သူ့ရဲ့ အပေါက်လေးတွေထဲမှာ ဖမ်းထားပေးပြီး၊ အမြစ်က လိုအပ်တဲ့အချိန်မှ ဖြည်းဖြည်းချင်း ပြန်ထုတ်ပေးပါတယ်ဗျ။
မြေစပ်တဲ့အခါ ခေါင်းရှုပ်မခံဘဲ အလွယ်တကူ သုံးလို့ရအောင် အချိုးအဆတွေပါ တစ်ခါတည်း ချပေးထားပါမယ်။
မြေဆွေးနဲ့ စိုက်မယ့်သူတွေအတွက် (Soil Mix):
မြေဆွေး 60% ၊ အုန်းဆံမှုန့် 30% နဲ့ ဒီ Perlite 10% ကို သေချာ သမအောင် ရောစပ်လိုက်ရင် လုံလောက်ပြီဗျ။
အုန်းဆံမှုန့် နဲ့ ရောစိုက်မယ့်သူတွေ အတွက်(Coco Perlite Mix):
အုန်းဆံမှုန့် 70% ကို Perlite 30% နဲ့ ရောပြီး Hydroponic ပုံစံမျိုး အေးဆေးသွားလို့ ရပါတယ်။
Grower တွေ အနေနဲ့ ကိုယ်ထည့်လိုက်တဲ့ ဈေးကြီးတဲ့ မြေသြဇာတွေကို အပင်က အပြည့်အဝ စားသုံးနိုင်ဖို့ဆိုရင်၊ အမြစ်တွေ လွတ်လွတ်လပ်လပ် ပြေးလွှား အသက်ရှူနိုင်တဲ့ Base ကောင်းကောင်းတစ်ခုကို အရင်ဆုံး တည်ဆောက်ထားဖို့ လိုပါတယ်ဗျ။
DOWN TOWN Seeds
Welcome to Downtown Seeds! Your friendly neigborhood seed bank here whenever you need us.
© 2026 Downtown Seeds. All Rights Reserved.
