PLANT TONIC (Cal-Mag + Trace Elements)

Amazon Jungle

Ks. 9500.00/-

Out of stock

Plant Tonic (မြေခံပင်သန် အားဆေး) (Armor)

Name : PLANT TONIC (Cal-Mag + Trace Elements)

Company : Amazon Jungle

Origin : Local

Type : The Armor & Nutrient Catalyst

Level : Beginners to Advanced

Net Weight : 500 grams

Target Plant : All Types of Plants

Base : Soil Mix, Coco

"အားဆေးတွေ အစုံကျွေးရက်နဲ့ ဘာလို့ အရွက်တွေဝါပြီး အပင်၊ အကိုင်းတွေ က ပျော့နေတာလဲလို့ ခေါင်းကုတ်ပြီး တိုင်ပတ်နေပြီလား... ဒါဆို အပင်ကို ကျွေးသမျှ အစာကြေစေမယ့် 'Cal-Mag ပါဝင်တဲ့ Plant Tonic' ကို ရှိထား ဖို့ လိုအပ်နေပြီနော်။"

အပင် စိုက်တဲ့နေရာမှာ သတိထားမိလားဗျ။ အပင်က ကြီးတာ အရမ်းမြန်တော့ ဆဲလ်တွေက အမြန် တည်ဆောက်ရတယ်။ အဲဒီအချိန် လိုအပ်တဲ့ Cal-Mag မလောက်ရင် အရွက်တွေမှာ အညိုစက် (Rust spots) တွေ ထွက်လာမယ်၊ ရိုးတံတွေက ခေါက်ရိုးကျိုးသလို ပျော့ခွေနေမယ်။ နောက်ပိုင်း အဖူးတွေ ချိန်စီးလာတဲ့အခါ ကိုင်းတွေ အောက်ကို ထိုးကျိုးတဲ့ ပြဿနာက အဲဒီက စတာပဲ။

ဒီ Plant Tonic က ကိုယ်ကျွေးလိုက်တဲ့ အဓိက ထမင်းဟင်း (Main NPK) တွေ အပင်က အကုန်အစင် စုပ်ယူစာနိုင်အောင် လုပ်ပေးတဲ့ အစာကြေဆေး ပုံစံပဲ။

PLANT TONIC ရဲ့ အဓိက အလုပ်က အပင်အတွက် ပိုသန် ပိုခိုင် ပိုကျန်းမာ ဖို့ အတွက် "သံချပ်ကာ" (Armor) ဝတ်ပေးတာပါ။

သူ့ထဲမှာ ဘာတွေပါလဲဆိုရင်...

ဆဲလ်နံရံတွေကို သံချပ်ကာလို ထူထဲမာကျောစေမယ့် Silica (32%) နဲ့ Calcium (23%) အပြည့်ပါတယ်။ ဒါကြောင့် ရိုးတံတွေ သစ်သားလို မာသွားပြီး ကိုင်းကျိုးတဲ့ ကိစ္စ ပူစရာ မလိုတော့ဘူး။

အရွက်ဝါတာတွေကို ပြန်စိမ်းစေမယ့် Magnesium (5%) နဲ့ Sulphur (4%) က အင်ဂျင်လို အလုပ်လုပ်ပေးတယ်။

အရေးအကြီးဆုံးက Zinc (0.14%) နဲ့ Manganese (0.01%) လို အနည်းလို Trace Elements လေးတွေက အပင်ထဲက ပိတ်နေတဲ့ အာဟာရလမ်းကြောင်းတွေကို ဆွဲဖွင့်ပေးလိုက်တာပဲ။

ပြီးတော့ မြေကြီးထဲက အနုဇီဝပိုးလေးတွေ စားဖို့ ပွားများဖို့ အတွက် Organic Carbon (0.75%) ပါ တစ်ခါတည်း ထည့်ပေးထားသေးတယ်ဗျ။

ဒီကောင်လေးက ဘယ် Medium နဲ့မဆို သဟဇာတ ဖြစ်တယ်ဗျာ။

Chemical နဲ့ တွဲသုံးရင်: ဓာတုဆေးတွေကြောင့် ပိတ်နေတဲ့ လမ်းကြောင်းကို ရှင်းပေးလို့ Chemical ပိုစွမ်းသွားတယ်။

Organic နဲ့ တွဲသုံးရင် မြေကြီးထဲက အော်ဂဲနစ် အစိုင်အခဲတွေကို အပင်စားလို့ရတဲ့ အာဟာရဖြစ်အောင် ပိုမြန်မြန် ဖြိုခွဲပေးတယ်။

Soil Mix ထဲ သုံးရင် Organic Carbon ကြောင့် အကျိုးပြု အနုဇီဝပိုးတွေ ပွားလာပြီး မြေဆီ တကယ်တက်လာမယ်။ Living Organism တွေ အသက်ဝင်လာမယ်။

Coco Only သမားတွေ: Coco ရဲ့ သဘာဝအရ အမြဲ လိုနေတတ်တဲ့ Cal-Mag + Trace Elements ကွက်လပ်ကို လုံးဝ အပြည့်အဝ ဖြည့်ပေးသွားတယ်။

အသုံးပြုပုံကလည်း အရမ်းလွယ်တယ်ဗျ။

ရေဖျော်နေစရာ မလိုဘူး။ (၂) ပတ်ကို (၁) ကြိမ်၊ တစ်ပင်ကို မြင်းကျားဇွန်း (၁) ဇွန်းစာ (၁၀-၁၅ ဂရမ်) လောက် အပင်ခြေရင်းကို ဖြူးပေးလိုက်ရုံပဲ (Top Dress)။

မြေစပ်တဲ့ အချိန်ကျရင်လည်း မြေကြီးထဲ တစ်ခါတည်း ပါဝင် ထည့်သွင်း မွှေနှောက်ပြီး သုံးလို့ရတယ်ဗျ။

ဒီ ၅၀၀ ဂရမ် တစ်ထုပ်ကို ၅ ဂါလန်အိုးနဲ့ တွက်ရင် -

၁၈ ပတ် ဝန်းကျင် ရှိတဲ့ ကာလရှည် အပင် တွေအတွက်ဆို (၃) ပင်စာ ရတယ်။

၁၂ ပတ် ဝန်းကျင် ရှိတဲ့ ကာလတို အပင် တွေအတွက်ဆို (4) ပင်စာ အေးဆေး လောက်ငတယ်ဗျ။