

ROOT POWER
Amazon Jungle
Ks. 10000.00/-
Out of stock
ROOT POWER
Name : ROOT POWER
Company : Amazon Jungle
Origin : Thailand
Type : Organic Root Booster & Soil Conditioner
Level : Beginners to Advanced
Net Weight : 100 grams
Target Plant : All Types of Plants
Base : Soil Mix, Coco, Hydroponic
"အမြစ်နက်မှ လေဒဏ်ခံနိုင်မယ်" ဆိုတဲ့ စကားက Grower တိုင်း သိထားရမယ့် Golden Rule ပဲဗျ။
အပင် တွေ ကို သုံးနေကျ N.P.K အဓိက ထားကျွေးရတာ မှန်ပေမဲ့ အပင်က ထပ်စားချင်တာ မစားချင်တာ ရှိသေးတယ်လေဗျာ။
အဲ့လို ပိုစားချင်တဲ့ အပင် ကို ပိုစားအောင်၊ မစားချင်တဲ့ အပင် ကို အစာအမြန် ကြေပြီး နောက်ထပ် စားချင်လာအောင် လုပ်ရမှာ Grower တွေ ရဲ့ တာဝန်ပဲ။
အဲ့လို အခြေအနေ မှာ အာဟာရတွေကို လှမ်းစုပ်ယူမယ့် မြေကြီးအောက်က "အမြစ်စနစ်" ကြီး ကျန်းမာမနေဘူးဆိုရင်၊ ဘယ်လောက်ပဲ Quality အမြင့် ဆေးတွေကျွေးကျွေး အလဟဿ ဖြစ်သွားမှာပါပဲဗျာ။
ဒီလို အခြေခံအကျဆုံး အမြစ်ပိုင်းကို အပြည့်အဝ တာဝန်ယူပေးဖို့ ထိုင်းနိုင်ငံကနေ ဝင်လာတဲ့ Amazon Jungle ရဲ့ ROOT POWER က Grow Room ထဲမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Organic ဖြည့်စွက်စာတစ်ခုပါဗျ။
ဒီ Root Power ထဲမှာ သဘာဝ Organic Matter တွေဖြစ်တဲ့ Humic acid (30%) နဲ့ Fulvic acid (15%) တို့ကို အချိုးကျကျ ပေါင်းစပ်ပေးထားတယ်။ ဒီနှစ်ခု ပေါင်းစပ်မှုကြောင့် သဘာဝ Potassium (K) ဓာတ် အနည်းငယ် ပါဝင်သွားပြီး အမြစ်တွေ သန်မာပွားများစေရုံတင်မကဘူး၊ အဖူးတွေအတွက်ပါ ကောင်းကျိုးသက်ရောက်မှု အများကြီး ရှိစေတယ်ဗျ။
သူ့ရဲ့ အဓိက အလုပ်လုပ်ပုံက ကိုယ်ကျွေးလိုက်တဲ့ N-P-K အာဟာရတွေကို မြေကြီးထဲမှာ ပိတ်လှောင်မနေစေဘဲ အပင်ကနေ အလွယ်တကူ စုပ်ယူစားသုံးနိုင်အောင် အကောင်းဆုံး Supporting ပေးတာပါ။
သာမန် B1 အမြစ်အားဆေးတွေနဲ့ ဘာကွာလဲဆိုရင်၊ သူက အမြစ်တစ်ခုတည်းအတွက် မဟုတ်ဘူးဗျ။ အပင်၊ အရွက်၊ အကိုင်းအခက် နဲ့ အထူးသဖြင့် အဖူးတွေဆီကိုပါ အာဟာရတွေ အပြည့်အဝ ရောက်သွားစေဖို့ တိုက်ရိုက် အလုပ်လုပ်ပေးတာပါ။
အပင်တွေ Stun ဖြစ် (ကြီးထွားမှု ရပ်တန့်) နေရင် ကုသပေးသလို၊ Stun မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးတယ်။ အမြစ်စနစ် အားကောင်းသွားတဲ့အတွက် အပင်က အပူဒဏ်၊ စိုစွတ်မှုဒဏ် (Heat & Moisture stress) တွေကို ကောင်းကောင်း ခံနိုင်ရည် ရှိသွားပါတယ်။ Organic ဖြစ်လို့ ပတ်ဝန်းကျင်အတွက် Side effect လုံးဝ မရှိသလို၊ အခြားအားဆေးတွေ၊ မှိုသတ်ဆေးတွေနဲ့လည်း တွဲဖက် အသုံးပြုလို့ ရတယ်ဗျ။
အသုံးပြုပုံ :
ပန်းအိုး တစ်လုံးကို ROOT POWER လက်ဖက်ရည်ဇွန်း (၁) ဇွန်း ကနေ (၂) ဇွန်း အထိ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ (ရေမှာ အလွယ်တကူ ပျော်ဝင်နိုင်စွမ်း ရှိပါတယ်)။
Grower တွေ အမြဲ မှတ်ထားရမှာက "အမြစ်က အပင်ရဲ့ အသက်" ပါဗျ။ အမြစ်ကောင်းမှ အပင်သန်မယ်၊ အပင်သန်မှ ကိုယ်လိုချင်တဲ့ Quality အမြင့်တွေကို လက်တွေ့ ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်ဗျ။
DOWN TOWN Seeds
Welcome to Downtown Seeds! Your friendly neigborhood seed bank here whenever you need us.
© 2026 Downtown Seeds. All Rights Reserved.
