SUPER BLOOM PLUS (bloom booster) (bloom enhancer)

Amazon Jungle

Ks. 9000.00/-

Out of stock

SUPER BLOOM PLUS (bloom booster) (bloom enhancer)

Name : SUPER BLOOM PLUS

Company : Amazon Jungle

Origin : Thailand

Type : Late-Flowering PK Booster & Enhancer

Level : Beginners to Advanced

Net Weight : 100 grams

Target Plant : All Types of Plants

Base : Soil Mix, Coco, Hydroponic

ပန်းပွင့်ချိန် နောက်ဆုံးအဆင့် (Late-Flowering) ရောက်ပြီဆိုရင် Grower တိုင်း ရင်ခုန်ရတဲ့ အချိန်ပဲဗျ။

ဖြစ်တက်လေ့ ရှိတာလေး ပြောပြမယ်ဗျာ။ "အဖူးတော့ အကြီးကြီးပဲ၊ ဒါပေမယ့် ကိုင်ကြည့်လိုက်ရင် ဖော့တုံးလို ပွယောင်းယောင်း ဖြစ်နေတယ်" ဆိုရင် တော့ ခင်ဗျား တို့ အပင်တွေ အတွက် ပေးခဲ့ အချိန် တွေ က နမျော စရာကြီး ဗျာ။

အပွင့်ကာလရဲ့ နောက်ဆုံးအဆင့် (Late-Flowering) ရောက်ပြီဆိုရင် အပင်က အရွက်သစ်တွေ ထပ်ထုတ်နေဖို့ လုံးဝ မလိုတော့ဘူး။ အဲဒီအချိန်မှာ သာမန်အားဆေးတွေထဲက Nitrogen (N) ဓာတ်တွေ ဝင်လာရင် အပင်က ဇဝေဇဝါဖြစ်ပြီး၊ အဖူးတွေဆီ သွားရမယ့် အာဟာရတွေက အရွက်တွေဆီ ပြန့်သွားတတ်တယ်။

ဒီလို မလိုလားအပ်တဲ့ လမ်းကြောင်းလွဲမှုတွေကို လမ်းတည့်အောင် နဲ့ ၊ ရှိသမျှ စွမ်းအင်အားလုံးကို အဖူးဆီ သီးသန့် "ပုံအော" ပေးဖို့ Amazon Jungle ကနေ Super Bloom Plus ဆိုတဲ့ PK Enhancer ကို ထုတ်ပေးလိုက်တာပါပဲ။

သူက သာမန်အားဆေး မဟုတ်ဘူး၊ တကယ့် PK Enhancer (သို့) Bloom Booster အစစ်ပါ။ နိုင်ငံတကာက နာမည်ကြီး Flower Fuel တွေနဲ့တောင် ရင်ဘောင်တန်းနိုင်တဲ့ ကောင်ဗျ။

SUPER BLOOM PLUS N-P-K (Ratio) : 0-5-3

[ ပါဝင်သော Mobile Nutrients များ၏ ရာခိုင်နှုန်း ]

Nitrogen (N) - 0 %

Phosphorus (P) - 50 %

Potassium (K) - 30 %

Nitrogen 0% ဖြစ်သွားလို့ အာဟာရလမ်းကြောင်း ပိတ်သွားတဲ့အချိန်မှာ၊ P (50%) နဲ့ K (30%) အချိုးအဆ က ဝင်သွားတဲ့အခါ အဖူးတွေက အပေါ်ယံ လေဖောင်းလာတာ မဟုတ်တော့ဘူး။ အတွင်းထဲကနေ အသားတင် လှိမ့်တက်လာပြီး ကျောက်ခဲလို ကျစ်ခဲ (Density) ပြီး အလေးချိန် စီးလာစေတော့တာပါပဲ။

အမြင့်ဆုံးရလဒ်အတွက် အသုံးပြုနည်း (The Timing)

ဆေးကောင်းတိုင်း ရမ်းသုံးလို့ မရဘူး၊ အချိန်ကိုက်ဖို့ လိုတယ်ဗျ။

အပွင့်စချိန် (Early Bloom) : ဒီအချိန်မှာ အပင်က အရွယ်အစား ဆန့်ထွက်ဖို့ N နည်းနည်း လိုသေးတယ်။ ဒါကြောင့် Bloom Plus နဲ့ Super Bloom Plus ကို (2:1) အချိုးနဲ့ ရောသုံးပါ။ (အမြစ်တွေ ဆက်လက်ကျန်းမာဖို့ Root Power ပါ ထည့်သုံးပါ)။

Week 5 ကစပြီး (The Finisher) : N ကို လုံးဝ ဖြတ်ချလိုက်ပါတော့။ ဒီ Super Bloom Plus သီးသန့်ကိုပဲ (၃-၄) ရက် တစ်ကြိမ်စီ ခပ်စိပ်စိပ် သုံးပေးပြီး အဖူးတွေကို အကျစ်ဆုံး ဖြစ်အောင် တည်ဆောက်ပါဗျ။ (အမြစ်တွေ ဆက်လက်ကျန်းမာဖို့ Root Power ပါ ထည့်သုံးပါ)။

✅✅ နောက်ဆုံး သတိထားရမယ့် အချက် (Cal-Mag)

ဒီလောက်များတဲ့ P နဲ့ K တွေကို ကိုယ်က မြေကြီးထဲ ထည့်ပေးလိုက်ပေမယ့်၊ အပင်က အဲဒါတွေကို သယ်ယူစားသုံးဖို့ Cal-Mag (Calcium & Magnesium) မရှိရင် လုံးဝ အလုပ်မဖြစ်ပါဘူး။ Cal-Mag အဆင်သင့် မရှိရင်တောင် DIY အနေနဲ့ Epsom Salt + Bone Meal လေး ရှိထားမှသာ အာဟာရတွေ အဖူးဆီကို အပြည့်အဝ ရောက်ရှိမှာ ဖြစ်ပါတယ်ဗျ။

(Cal mag ပါတဲ့ Plant Tonic လဲ ကျွန်တော့်ဆီမှာ ရှိတယ်နော်)

အဖူးကျစ်ဖို့ နဲ့ အဖူး Weight တင်ဖို့ အတွက် SUPER BLOOM PLUS ကို အားကိုးလို့ရပါတယ်ဗျ။