Veg. Plus (အပင်စိမ်းလန်း‌ဆေး ) (အပင်အားဆေး)

Amazon Jungle

Ks. 9000.00/-

Out of stock

Veg. Plus (အပင်စိမ်းလန်း‌ဆေး ) (အပင်အားဆေး)

Name : Veg. Plus 

Company : Amazon Jungle

Origin : Thailand

Type : Vegetative Growth Booster & Canopy Developer

Level : Beginners to Advanced

Net Weight : 100 grams

Target Plant : All Types of Plants

Base : Soil Mix, Coco, Hydroponic

အကိုရော ကျွန်တော်ရော Grower တိုင်း အလိုချင်ဆုံးက ကိုယ့်အပင်လေးတွေ ပိုမိုကြီးထွားဖို့၊ ပိုမိုစိမ်းစိုပြီး ကျန်းမာနေဖို့ မဟုတ်လားဗျာ ။ ဒါကြောင့် Vegetative Stage မှာ အပင်တွေအတွက် တကယ့် "Super Food" တစ်ခုဖြစ်လာမယ့် Veg PLUS ကို မိတ်ဆက်ပေးပါရစေ။

Grower တချို့က ပန်းပွင့်ချိန် (Flowering stage) ရောက်မှ အဖူးကြီးဆေးတွေကို အတင်း ဖိကျွေးတတ်ကြတယ်။ တကယ်တမ်းက ပန်းပွင့်ချိန်မှာ အဖူးတွေ အကြီးကြီး ထွက်လာဖို့ဆိုတာ၊ ငယ်ရွယ်တဲ့ သက်တမ်း (Vegetative Stage) မှာကတည်းက အပင်ရဲ့ ကိုယ်ထည် (Frame) နဲ့ အစာချက်မယ့် အရွက်စနစ် (Solar panels) တွေကို ဘယ်လောက် ကြံ့ခိုင်အောင် တည်ဆောက်ထားနိုင်ခဲ့လဲ ဆိုတဲ့အပေါ်မှာ ရာခိုင်နှုန်းပြည့် မူတည်နေတာပါ။

နောက်ပိုင်းမှာ အဖူးတွေကို ကောင်းကောင်း ထမ်းထားနိုင်မယ့် အပင်ရဲ့ Foundation ကို အကောင်းးဆုံး တည်ဆောက်ပေးဖို့ အတွက် Vegetative Stage မှာ ထဲ က အပင်ကို တက်နိုင်သလောက်အားဖြည့်ထားဖို့လိုပါတယ်ဗျ။

Veg Plus မှာ N-P-K Ratio အနေနဲ့ 8-3-2 ပါဝင်ပါတယ်။ သူ့ရဲ့ အမိုက်ဆုံးအချက်က အပင်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ Mobile Nutrients တွေနဲ့၊ နေရာသေချထားပေးရတဲ့ Immobile Nutrients (အနည်းလို အာဟာရ) တွေကို အချိုးကျကျ ပေါင်းစပ်ပေးထားတာပါပဲ။

[ ပါဝင်သော Mobile Nutrients များ ]

Nitrogen - 30 %

Phosphorus - 12 %

Potassium - 10 %

[ ပါဝင်သော Immobile Nutrients များ ]

Iron (Fe) ............................ 0.2%

Manganese (Mn) ............. 0.13%

Zinc (Zn) ........................... 0.09%

Copper (Cu) ..................... 0.03%

Boron (B) .......................... 0.01%

Molybdenum (Mo) .......... 0.01%

Veg. Plus ထဲမှာ အထူးသဖြင့် Nitrogen ရာခိုင်နှုန်း မြင့်မြင့် ပါဝင်လို့ အပင်ရဲ့ အရွက်တွေကို စိမ်းမှောင်သွားစေပြီး Photosynthesis (အစာချက်လုပ်ခြင်း) ကို အမြင့်ဆုံး ရောက်အောင် လှုံ့ဆော်ပေးပါတယ်။

နောက်ထပ် အချက် က အချက်က သာမန် N-P-K တွေတင် မဟုတ်ဘဲ၊ အပင်အတွက် အရမ်းအရေးကြီးတဲ့ Immobile Nutrients (အနည်းလို အာဟာရ) တွေပါဝင်ထားလို့ N-P-K ဓာတ်တွေ ကို အပင်ထဲမှာ ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ကူညီပေးတဲ့ အင်ဂျင်ဝိုင်တွေလိုပဲ။ ကိုယ်ခံအားကို ကောင်းစေပြီး အရွက်ဝါတာ၊ ကောက်ကွေးတာတွေကို လုံးဝ ကာကွယ်ပေးပါတယ်။

Veg Plus က သင့်အပင်အတွက် ဘာတွေလုပ်ပေးမလဲ?

အရွက်တွေကို စိမ်းစိုစေခြင်း : Nitrogen (30%) အပါအဝင် အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်လို့ အရွက်တွေက စိမ်းမှောင်လာပြီး Photosynthesis (အစာချက်လုပ်မှု) ကို အားအကောင်းဆုံး ဖြစ်အောင် တွန်းတင်ပေးပါတယ်။

အပင်ကို ကြံ့ခိုင်စေခြင်း : N-P-K အပြင် Iron, Zinc, Boron တို့လို ရှားပါးတဲ့ အနည်းလိုအာဟာရတွေပါ အချိုးကျ ပါဝင်လို့ အပင်ရဲ့ ကိုယ်ထည် ပင်စည်ကို ပိုမိုသန်မာစေပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိအောင် ကူညီပေးပါတယ်။

အကိုင်းသစ်၊ ရွက်သစ်များ (Canopy Development) : အကိုင်းအခက်တွေ ပိုမိုထွက်ရှိလာအောင် လှုံ့ဆော်ပေးလို့ အပင်ပုံစံကို လှပထွားကြိုင်းစေပါတယ်။ ဒါဟာ နောက်ပိုင်း ပန်းပွင့်ချိန်မှာ အဖူးထွက်မယ့် နေရာ (Bud sites) တွေ များလာဖို့ အာမခံချက်ပါပဲ။

ဘယ်အချိန်မှာ သုံးရမလဲ?

စတင်သုံးစွဲရန်: အပင်သက်တမ်း (၇-၁၀) ရက်သားလောက်ကစပြီး Vegetative Stage (ကြီးထွားမှုအဆင့်) တစ်လျှောက်လုံး အသုံးပြုနိုင်ပါတယ်။

Grower Trick: အပင် ပန်းစပွင့်တဲ့အချိန် (Stretch Phase) ပထမ (၁-၂) ပတ်အထိ ဆက်ကျွေးပေးခြင်းအားဖြင့်၊ အပင်ရဲ့ အရွယ်အစားကို အပေါ်ဆန့်ထွက်အောင် ကူညီပေးပြီး အကိုင်းအခက်တွေ ပိုထွက်လာလို့ အဖူးအရေအတွက်ကိုပါ တိုးများလာစေပါတယ်ဗျ။

"သင့်အပင်လေးတွေ သူများထက် မျက်နှာမငယ်စေဖို့ Veg Plus နဲ့ အစကောင်းလိုက်ပါဗျာ 🤫"