Bloom Plus (အဖူးအားဆေး) (အဖူးကြီးဆေး)

Amazon Jungle

Ks. 9000.00/-

Out of stock

BLOOM PLUS (အဖူးအားဆေး) (အဖူးကြီးဆေး)

Name : BLOOM PLUS

Company : Amazon Jungle

Origin : Thailand

Type : Early to Mid-Flowering Nutrient

Level : Beginners to Advanced

Net Weight : 100 grams

Target Plant : All Types of Plants

Base : Soil Mix, Coco, Hydroponic

Vegetative (အပင်သက်တမ်း) ကနေ Flowering (ပန်းပွင့်ချိန်) ကို ကူးပြောင်းတဲ့ အချိန်ဆိုတာ အပင်အတွက်ရော Grower အတွက်ပါ "ဂီယာချိန်း" ရတဲ့ အရေးအကြီးဆုံး အချိုးအကွေ့တစ်ခုပါပဲဗျ။ အဲဒီအချိန်မှာ အပင်က အရွက်တွေအတွက် အစာရှာတာကို ရပ်ပြီး၊ အဖူးတွေဆီကိုပဲ အာရုံစိုက်ဖို့ စတင် ပြင်ဆင်ပါတော့တယ်။

ဒီလို ဂီယာချိန်းတဲ့ အချိန်မှာ အပင်နဲ့ အဖူးအတွက် တကယ်လိုအပ်တဲ့ အာဟာရကို ကွက်တိ ဖြည့်တင်းပေးပြီး၊ အဖူးတွေကို အမြန်ဆုံး ထွားလာစေမယ့် Amazon Jungle ရဲ့ BLOOM PLUS က သူ့ဈေးတန်းမှာတော့ အလုပ်အဖြစ်ဆုံး အတန်ဆုံး တစ်ခုပါပဲဗျ။

ဒီ Bloom Plus ထဲမှာ N-P-K Ratio အနေနဲ့ 2-6-5 ပါဝင်ပြီး၊ အပင်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ Mobile Nutrients တွေကို အခုလို အချိုးကျ ပေါင်းစပ်ပေးထားတယ်ဗျ -

Nitrogen (N) - 8 %

Phosphorus (P) - 24 %

Potassium (K) - 22 %

Veg Plus ပြီးရင်တော့ ဒီ Bloom Plus က အဖူးအားဆေး (Main Nutrient) အဖြစ် တာဝန်ယူသွားပါပြီ။

Bloom Plus က အပင်အတွက် ဘာတွေလုပ်ပေးမှာလဲ?

အပင်အရွယ်အစားကို ညှိပေးခြင်း (Final Stretch) : Nitrogen (N 8%) အနည်းငယ် ပါဝင်နေသေးတာကြောင့် Veg Stage မှာ Error တစ်ခုခုကြောင့် သေးငယ်နေတဲ့ အပင်တွေကို ပိုကြီးထွားလာအောင် (Stretch ဖြစ်လာအောင်) နောက်ဆုံးအနေနဲ့ ပံ့ပိုးပေးပါတယ်။

အပွင့်ကြီးထွားမှုကို မြှင့်တင်ပေးခြင်း : P (24%) နဲ့ K (22%) ပါဝင်မှု မြင့်မားတာကြောင့် အဖူးရဲ့ အဖြူရောင် ဆံပင်မွေးလေးတွေ (Pistils) အများကြီး ထွက်လာဖို့နဲ့ အဖူးအသားတက်ဖို့ကို လှုံ့ဆော်ပေးပါတယ်ဗျ။

Growers From Grower (Grower's Tips)

အဖူးစဝင်တာနဲ့ ဒီအချက်တွေကို သတိထားပါ

မြေဆီလွှာကိုပဲ ကျွေးပါ၊ ဖြန်းပါ : အဖူးစတာနဲ့ အဖူးကို ရေ၊ မိုးရေနဲ့ အားဆေးရည် လုံးဝမထိပါစေနဲ့။ Bud Rot ဝင်တတ်လို့ မြေကြီးကိုပဲ သီးသန့် လောင်းပေးရပါမယ်။

Nitrogen လျှော့ချပါ : အပွင့်စချိန်မှာ Nitrogen ကို လျှော့နိုင်သမျှ လျှော့ကျွေးတာက အဖူးအတွက် အကောင်းဆုံးပါ။ (တချို့ Organic အားဆေးရည်တွေမှာ N များများ ပါဝင်နေတတ်လို့ သေချာဖတ်ပြီး ရှောင်ပါဗျ)။

📈 အမြင့်ဆုံးရလဒ်အတွက် အသုံးပြုနည်း (Maximum Yield)

အပွင့်စချိန် (Early Bloom) : Bloom Plus နဲ့ Super Bloom Plus ကို (2:1) အချိုးနဲ့ ရောသုံးပေးပါ။ (အမြစ်စနစ်အတွက် Root Power ပါ ထည့်သုံးပါ)။

Flowering Week ပဉ္စမပတ် (Week 5) ကစပြီး : Super Bloom Plus သီးသန့်ကိုပဲ (၃-၄) ရက် တစ်ကြိမ်စီ ခပ်စိပ်စိပ် သုံးပေးပါ။

Week 5 နောက်ပိုင်း : N (Nitrogen) ကို လုံးဝ ဖြတ်ချလိုက်ပါတော့။

✅✅ FLOWER WEEK အတွင်း Cal-Mag ဆောင်ထားပါ။

Cal-Mag မရှိရင်တောင် DIY အနေနဲ့ Epsom Salt + Bone Meal လေး ရှိထားရင်၊ ကိုယ်ကျွေးလိုက်တဲ့ အာဟာရတွေကို အပင်က အလွယ်တကူ စုပ်ယူစားသုံးနိုင်ဖို့ အကောင်းဆုံး Supporting ပေးပါတယ်ဗျ။(Cal mag ပါတဲ့ Plant Tonic လဲ ကျွန်တော့်ဆီမှာ ရှိတယ်နော်)