VEVLET MOON

Green House Seeds | Photoperiod (Feminized)

Ks. 78000.00/-

Out of stock

Name : Velvet Moon

Breeder : Green House Seeds

Genetics : Do-si-dos X Holy Punch

Type : Photoperiod (Feminized)

Phenotype : Indica Dominant (Indica: 70% / Sativa: 30%)

THC : 23.52%

CBD : < 1%

Vegetative Timeline : 4-5 weeks

Flowering Cycle : 8-9 Weeks

Difficulty : Normal

Resistance : 4/5

Climate : Indoor / Outdoor (အေးတဲ့ အပိုင်းဆို တော်တော် အဆင်ပြေမယ်ဗျ)

အချိုနဲ့ အချဉ် မျှတတဲ့ စေ မယ့် အဖူး အနေအထား နဲ့၊ သိပ်ပြီး အပင် က မရှည် မထွား တဲ့ Indica အကြိုက် Grower တွေအတွက် ဒီ Velvet Moon က တကယ့်ကို အကောင်းဆုံး ရွေးချယ်မှု ပါ ပဲ ဗျ။

မြန်မာစကားပုံထဲမှာ "လူပြောမသန်၊ လူသန်မပြော" ဆိုတာ ရှိတယ်လေ။ တကယ် ကောင်းတဲ့ Genetic တွေ က ကပ်တိုးလေး ရှိကြတယ်ဗျ။ လူကြိုက်များအောင် လဲ Marketing မထားကြတော့ စိုက်သူနည်းတယ်ပေါ့ဗျာ။

ဒီ Velvet Moon ရဲ့ Genetics ကို ကြည့်ရင် အမေရိကန် U.S.A က နာမည်ကြီး Do-si-dos နဲ့ Franco Loja ရဲ့ နောက်ဆုံး breeding Genetic တွေထဲက တစ်ခုဖြစ်တဲ့ Holy Punch တိုကို စပ်ထားတဲ့ Velvet Moon ပါဗျ။

Franco Loja (1974–2017) was a legendary Italian master cultivator, breeder, and manager at Green House Seed Company, often called "Franco the Strain Hunter."

အပင် ရဲ့ သဘောသဘာဝ ပြောရရင် သဘာဝအရ ပြောရရင်၊ သူက 70% Indica ဖြစ်နေတော့ Sativa တွေလို အပင်လဲ မကြီးသလို အကိုင်းတွေ အခက်တွေ လဲ ကားကားယားယား မဖြစ်နေပါဗျ။

ခန့်မှန်းခြေ Velvet Moon ရဲ့ အဖူး ရဲ့ အခြေအနေ က ဖွာ လိုက်တဲ့အချိန်မှာ Holy Punch ရဲ့ Fruity အနံ့ က Dosidos ရဲ့ သံပုရာချဉ်နံ့လေးနဲ့ ရောပြီး ဝင်လာမယ်ဗျ ။ ရှိက် ထုတ်လိုက်တဲ့အခါ (Exhale) ကျမှ Dosidos ရဲ့ Creamy ဖြစ်တဲ့ မြေကြီးနံ့ (Earthy) လေးက ပါးစပ်ထဲမှာ အကြာကြီး စွဲကျန်နေစေ ပါတယ်ဗျ ။

(ဒါက ဒီ Genetic မှ ရနိုင်တဲ့ ခန့်မှန်းခြေ နော် အတည်မယူနဲ့)

ကိုယ်က Indoor ဖြစ်ဖြစ်၊ Outdoor ဖြစ်ဖြစ် နေရာကျဉ်းကျဉ်းမှာ အပင်ကို အကိုင်းတွေ ကို ကြိုးတွေနဲ့ အရှုပ်အရှင်း သိပ်မလုပ်ချင်ဘူးဆိုရင် Velvet Moon ကို ရွေးလိုရပါတယ်။

ဒါပေမယ့် Grower တွေ သိထားရမှာက အပင်က ပြုစုရလွယ်တယ် ဆိုတိုင်း အလိုလိုနေရင်း အထွက်နှုန်းတွေ အများ ကြီး ပုံကျလာမှာ မဟုတ်ဘူး။

Indica အပင် သဘော တရား နဲ့ မြေကြီး၊ အမြစ်နဲ့ အပင်ကြားက ဆက်သွယ်မှုကို နားလည်ပြီး၊ အာဟာရကို ဖြည်းဖြည်း မှန်မှန် ဂရုတစ်စိုက် ကျွေးနိုင်မှ ၊ အချိန်ပေးနိုင်မှသာ အကောင်းဆုံးတွေ ဖြစ်စေမှာပါ ။

ဒီမျိုးစေ့တွေဟာ Original Company ထုတ် အစစ်အမှန်ဖြစ်ပြီး၊ Feminized (အမမျိုး) ဖြစ်ကြောင်း သေချာစွာ အတည်ပြုထားပါတယ်။ မျိုးစေ့တွေရဲ့ သက်တမ်းနဲ့ အရည်အသွေး မကျဆင်းစေဖို့အတွက် မှန်ကန်တဲ့ အပူချိန်နဲ့ စိုထိုင်းဆ (Temperature & Humidity) အောက်မှာ စနစ်တကျ သိုလှောင်ထိန်းသိမ်းပေးထားပါတယ်။

သို့သော်ငြားလည်း မျိုးစေ့ဆိုတာ သက်ရှိ (Living Organism) တွေ ဖြစ်ပါတယ်။ သဘာဝတရားအရ ဖြစ်တည်နေတာမို့ အပင်ပေါက်နှုန်း (Germination Rate) ကိုတော့ ၁၀၀% အာမမခံပါဘူး။ ကျန်တဲ့ အပင်ပေါက်ဖို့ အပိုင်းကတော့ မှန်ကန်တဲ့ မျိုးဖောက်နည်း၊ ပေးစွမ်းနိုင်တဲ့ အစိုဓာတ်၊ ပတ်ဝန်းကျင် အပူချိန်နဲ့ စိုက်ပျိုးသူရဲ့ လက်အပေါ်မှာပဲ အများကြီး မူတည်သွားပါပြီ။